Admin Admin
Number of posts : 81 Localisation : New Delhi Registration date : 2007-03-22
| Subject: Myanmar Passport Extension for Monks studying in India! Fri Mar 23, 2007 6:01 pm | |
| Dear your Venerable, If you would like to extend your Myanmar Passport which is about to expire or left no free pages , you can do it for 3 year-validity at Myanmar Embassy on the Gratis basis : Free of Charge. To perform the process, you yourself or by some courier may visit Myanmar Embassy and even though we are very busy with daily desk-works, we will do it immediately after droping them no matter how important they are. အိန္ဒိယနိုင်ငံရှိ တက္ကသိုလ် အသီးသီး တွင် M.A/ Ph.D စသည်ဖြင့် ပညာတော်သင်လာ ရောက် ကြသော မြန်မာနိုင်ငံကူးလက်မှတ်ကိုင် မြန်မာ ရဟန်း သံဃာတော်များ၏ မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ခြင်း ကိစ္စအား နယူးဒေလီမြို့၊မြန်မာသံရုံးမှ စေတနာ ထက်သန်စွာဖြင့် အခြားအခြားသော ကောင်စစ်ကိစ္စတာဝန်များထက်ပိုမိုဦးစားပေးပြီး သက်ဆိုင်ရာ ဆရာတော် မှ လာရောက်လျှောက်ထားသည့်အခါ မြန်မာသံအမတ်ကြီး၏ စေတနာညွှန်ကြားချက်နှင့်အညီ မဆိုင်းမတွ ချက်ချင်း ဆောင်ရွက်ပေးပါသည်။
ယင်းသို့ဆောင်ရွက်ပေးရာ၌လည်း သက်တမ်း(၃)နှစ်ကာလ ထိတိုးမြှင့်ပေးပြီး ၊ မြန်မာနိုင်ငံကူးလက်မှတ်ကိုင် မြန်မာ ရဟန်းသံဃာ ပညာသင်များအနေဖြင့်၊ အလုပ်လာရောက်လုပ်ကိုင်ပြီး ၀င်ငွေခွန်ထမ်း သာမာန် လူပုဂ္ဂိုလ် များကဲ့သို့ လစာငွေတစ်စုံတစ်ရာ ရရှိကြသူများမဟုတ်ဘဲ နိုင်ငံတော့်အကျိုးအတွက်၊သာသနာတော်အကျိုးအတွက် တိုင်းတစ်ပါး၌ အပင်ပန်းခံ လာရောက်ပညာသင်ကြားရသည်ဖြစ်ရာ၊ နိုင်ငံတော်ကိုယ်စားပြု မြန်မာသံရုံးအနေဖြင့် စေတနာမေတ္တာ အထူး ထားကာ မြန်မာသံအမတ်ကြီး၏ခွင့်ပြုချက်နှင့်အညီ Gratis စနစ်ဖြင့် အခမဲ့ ဆောင်ရွက်ပေးပါသည်။
Consular Section. Myanmar Embassy | |
|